ကျောက်ဆည်၊ စက်တင်ဘာ-၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရေတွင်းပြည့်ကျေးရွာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရေတွင်းပြည့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဇော်ဝင်းနှင့် ကျေးရွာလူမှုရေး အသင်းအဖွဲ့ဝင် များပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာ ဆောင်ရွက် ရမည့်အချက်များ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကျေးရွာအတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် နေအိမ် တွင်သာနေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူ များထံ သွားရောက်ခြင်း မပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက် ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကိုစနစ်တကျတပ်ဆင်ရန်၊ ၊လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုးကူးစက် ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာ ရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် အသိပညာပေးနှိုးဆော်ခြင်းများကို ရေတွင်း ပြည့်ကျေးရွာအတွင်းလှည့်လည် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၃၆၄)ဦး၊ အမျိုးသမီး(၂၈၅)ဦး စုစုပေါင်း (၆၄၉)ဦးနှင့် ရောဂါ သက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ အမျိုးသား(၃၁၂)ဦး၊ အမျိုးသမီး (၂၃၅)ဦး၊ စုစုပေါင်း(၅၄၇)ဦး၊ သေဆုံးသူ အမျိုးသား(၄၉)ဦး၊ အမျိုးသမီး(၄၅)ဦး၊ စုစုပေါင်း(၉၄)ဦးနှင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသူ အမျိုးသား(၃)ဦး ၊အမျိုးသမီး (၅)ဦး စုစုပေါင်း(၈)ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာကွယ်ဆေးများကို မြို့တော်ခန်းမ၌ နံနက်၉နာရီခွဲမှညနေ ၃ နာရီ အထိ ဒုတိယအကြိမ် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)