အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာယီဆေးရုံသာသနာ့ဗိမာန်တွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူ (၄)ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံဆင်း ခွင့်ပြုလိုက်ရာ ဆေးရုံဆင်းခွင့်ရရှိသူ (၃၅၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။
Sep 13,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ ၊ပုဂ္ဂလိကပို့ဆောင်ရေဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များ တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။
Sep 13,2021
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်(၁၉) ရောဂါပိုးတွေ့ အတည်ပြု လူနာ (၇၂၂)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံဆင်းသူစုစုပေါင်း (၅၃၀) ဦးရှိကာ ကုသဆဲ အတည်ပြု လူနာ (၆၇)ဦး၊ လွှဲပြောင်းကုသလူနာ (၁၃) ဦးနှင့် ယနေ့အချိန်အထိ‌သေဆုံးသူ စုစုပေါင်း (၁၁၂)ဦး ရှိပြီဖြစ်‌ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊  အခြေခံပညာအထက်တန်းကျောင်း၊   ပညာဇွဲမာန် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm) ထိုးနှံခဲ့သော   အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည် အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ၇ ရက်မြောက်နေ့အဖြစ် (၁၁၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သံဃာတော်များ၊သီလရှင်များ၊ အသက်(၆၅)နှစ် အထက် အဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စုကြီးရပ်ကွက် မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ဒုတိယ အကြိမ်ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် မင်္ဂလာမဏ္ဍိုင်ကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာသိရီ အကျိုးဆောင်၍ Taiwan Dana Group အလှူရှင် မိသားစုတို့က လှူဒါန်းသော Oxygen Flowmeter အိုး( ၁၆)အိုးအား ပန်းတနော်မြို့နယ် အတွင်းရှိ ဂိုဏ်းပေါင်းစုံ သံဃာတော်များအတွက် ခွဲဝေလှူဒါန်းပေးခြင်းကို စက်တင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီက အောင်သပြေ ဘိုးဘွားရိပ်သာ မင်္ဂလာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
Sep 13,2021
မုံရွာမြို့နယ်အတွင်း နိုင်ငံတော်မှထောက်ပံ့သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ (ပထမကြိမ်) ထိုးနှံပေးပြီးသော အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ၊ နိုင်ငံ့ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီမှ နေ့လယ် (၁)နာရီအထိ ဆေးထိုးစုရပ် (၃)နေရာခွဲ၍ သတ်မှတ်ရက်များအတွင်း ဦးတည်အုပ်စု(၁၂)စုမှ ဦးစားပေး အလိုက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်) ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီထံမှ သိရသည်။