တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်

တောင်ငူ စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်​ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို   မြို့ပေါ် ရပ်ကွက်များအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ၌  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အများပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ နေထိုင်သွားလာမှုရှိစေရေး၊ ရောဂါကွင်းဆက်ပြတ်တောက်ရေး လုပ်ငန်းများ၌ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြစေရန် အသိပေးနှိုးဆော်ခဲ့​ကြသည်။

ဆက်လက်၍ တောင်ငူမြို့နယ်အတွင်း  ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံနိုင်ရန်  ဆေးထိုးစုရပ်နေရာအဖြစ် အမှတ် (၈) ရပ်ကွက် မင်းကြီးညိုရုပ်ထုအနီး ဂေခိုဂယ်ဘား ခရစ်ယာန်ကျောင်း၊ အ.ထ.က ၂၊ မြစည်းခုံသာသနာ့ဗိမာန်၊ ကေတုမတီမြို့သစ်၌ စက်တင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့၌ ထိုးနှံနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် လှည့်လည် နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်ထက်