အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ရှိ ပရိယတ္တိစာသင်တိုက်များတွင် ကိုဗစ်-၁၉ရောဂါ ရှိ၊ မရှိ RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ မြို့နယ်ကျန်းမာရေး ဌာနဝန်ထမ်းများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နေ့စဉ်နှင့်အမျှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ တိုးပွားလာနေသဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်း တိုးမြှင့်သတ်မှတ်ရေး ညှိနှိုင်းဆွေးနွေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 10,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မောင်တောခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင် ဦးဆောင် ကြီးကြပ်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် ဦးစီးသော ပူးပေါင်း အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီမှစ၍ ပန်းခင်းစီမံချက်ဖြင့် ဗောဓိကုန်းကျေးရွာနှင့် မောရ၀တီ ကျေးရွာများရှိ ပြည်သူများသို့ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မြေပြင်ကွင်းဆင်း ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီပံ့ပိုး ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
Sep 10,2021
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm ကို ဒုတိယအကြိမ် ကျေးလက် ကျန်းမာရေး ဌာနများတွင် ယမန်နေ့က စတင်ထိုးနှံပေးလျက်ရှိရာ ငပုန်ကုန်း ကျေးလက်ကျန်းမာရေးဌာနနှင့် သစ်ပုံကျေးလက် ကျန်းမာရေးဌာနတို့၌ ပထမအကြိမ် ထိုးနှံပေးပြီးသူ (၂၉၃)ဦးတို့အား သတ်မှတ်ရက်အလိုက် နံနက် ၁၀ ရီမှ ညနေ ၃ နာရီထိ ဆေးထိုးစုရပ်အဖြစ် အခြေခံပညာ မူလတန်းကျောင်းတွင် ထိုးနှံပေးလျက်ရှိသည်။
Sep 10,2021
နဝမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ ကဦးဆောင်၍ “တားဆီး၊ ကယ်တင်၊ ကူညီရေး လူကုန်ကူးခံရသူအသံနားထောင်ပေး” အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက် ၈ နာရီခွဲက မိုင်းဆတ်-တာချီလိတ် လမ်းဆုံနှင့် ဝိန်းနေလမ်းဆုံတို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မိုင်းဆတ်ခရိုင် ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” အသိပညာပေး ဆိုင်းဘုတ်ကို ယမန်နေ့ နံနက်ပိုင်းက မိုင်းဆတ်-တာချီလိတ် ပြည်ထောင်စု လမ်းမတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကပ်ရောဂါအန္တရာယ် ကင်းဝေးရန် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာရှိ ထပ်ဟိုဖိုင်စေတီတော် ပရဝုဏ်အတွင်း၌ နဂါးရုံဘုရား ပန္နက်တော်တင်မင်္ဂလာကို ယမန်နေ့က ကျင်းပသည်။
Sep 10,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထက်ပေကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။