အမြို့မြို့အနယ်နယ်သတင်းများ

Oct 05,2025
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
Oct 05,2025
“ပညာရပ်များပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကိုဖော်ဆောင်စို့”ဟူသည့် ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး “၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် မြတ်ဆရာပူဇော်ပွဲ” အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာဦးစွာအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ဆရာဟူသည်”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်သည်။
Oct 05,2025
၁၉၉၄ ခုနှစ်မှ စတင်၍ နှစ်စဉ်အောက်တိုဘာလ ၅ ရက်နေ့ရောက်တိုင်း “ဆရာကို တန်ဖိုးထားလို့ သူတို့အနာဂတ်ကို မြှင့်တင်ကြစို့”၊ “အနာဂတ်ဘဝလှပဖို့ ဆရာများက ကြိုးစားစို့”၊ “ဆရာ၊ ဆရာမ တန်းတူညီ၊ လူ့ဘောင် ပြည်ရွာ သာယာမည်” “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများက အစပြု” စသည့် ဆရာများ၏ ဂုဏ်ကျေးဇူးကို ဖော်ကျူးသည့် ဆောင်ပုဒ်များချမှတ်ကာ ကမ္ဘာ့ဆရာများနေ့ကို ကျင်းပလာခဲ့ကြသည်မှာ နှစ်ပေါင်း (၃၂)နှစ် တိုင်ခဲ့ပြီဖြစ်ရာ မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရီသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က ဖတ်ကြားခဲ့သည်။
Oct 05,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့်မြတ်ဆရာပူဇော်ပွဲကို အခြေခံပညာအထက်တန်းကျောင်း (ပေါင်းတည်) ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Oct 05,2025
မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊ ပွင့်ဖြူမြို့၌ မြို့နယ်ပညာရေးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပဉ္စာဒဿမအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာ ၅ ရက် ၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့အခြေခံပညာအထက်တန်းကျောင်း အစည်း‌အဝေးခန်းမ၌ ကျင်းပသည်။
Oct 05,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရိုးရာဆင်လှူပွဲတော်နှင့်ဆင်အကအလှပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရွှေသာလျောင်းတောင်ခြေ ဆင်အကအလှပြိုင်ကွင်းဗဟိုမဏ္ဍတွင် ကျင်းပပြုလုပ်ရာ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ တပ်မတော်အဆင့်မြင့်နည်းပညာသုံး ဆက်သွယ်ရေးနှင့် အီလက်ထရောနစ် ပစ္စည်းများထုတ်လုပ်ရေး သုတေသနဌာနချုပ်မှ ဗိုလ်မှူးချုပ် မင်းနိုင်ဝင်း၊ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ကျောက်ဆည်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ကျောက်ဆည်အသင်း(ရန်ကုန်)ဥက္ကဌ အငြိမ်းစား ဗိုလ်မှူးကြီးမျိုးမြင့်၊ မြို့မိ၊မြို့ဖ ဦးကျော်ထူးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
Oct 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့တွင် အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း သံလွင်ခန်းမတွင် ကျင်းပခဲ့သည်။
Oct 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတွင် တာဝန်ပေးအပ်ခြင်းခံရသည့် အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။