အမြို့မြို့အနယ်နယ်သတင်းများ

May 13,2026
မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက သထုံခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ခန့်ကျော်၊ မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးရဲမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည်ရှုခဲ့ကြသည်။
May 13,2026
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကရင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စိုက်ပျိုးတောင်သူများ လက်ဝယ်အရောက် စက်သုံးဆီဖြန့်ဖြူးရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၈)ရပ်ကွက်ရှိ ထောင်ဝိကွင်း၌ ဆောင်ရွက်သည်။
May 13,2026
ရန်ကုန်တိုင်းဒေသကြီးဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်ကျက်သရေဆောင် ဇိနမာရ်အောင် စေတီတော်မြတ်ကြီးနှင့်အရံစေတီတော်(၈)ဆူတို့အား စတုတ္ထအကြိမ်မြောက် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်တည်ဆောက်ရေးအတွက် ပဉ္စမအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ရှိ ဝိမုတ္တိရသဓမ္မဗိမာန်တော်ကြီး၌ကျင်းပသည်။
May 13,2026
ချင်းပြည်နယ်တီးတိန်ခရိုင်တီးတိန်မြို့နယ်၏၂၀၂၆-၂၀၂၇ခုနှစ်ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို‌ မေ၁၁ရက်နေ့မွန်းလွဲပိုင်းက တီးတိန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင်ပြုလုပ်သည်။
May 13,2026
မွန်ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်း ဆက် သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်ဦးစိုးလှနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းခွဲရုံသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
May 13,2026
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်အပေါ် ကရင်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော်ဆောင်ရွက်သော ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ပေးအပ်ပွဲကို မေ ၁၃ ရက် နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
May 13,2026
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပဲခူးတိုင်းဒေသကြီး အစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို မေ ၁၃ ရက် နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြလုပ်ခဲ့ ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
May 13,2026
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးသည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မေ ၁၀ ရက် နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။