အမြို့မြို့အနယ်နယ်သတင်းများ

Nov 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀) နှင့်အထက် ဘိုးဘွားများအား ကျန်းမာရေးအခမဲ့စောင့်ရှောက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 20,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပြင်ပအသိပညာဗဟုသုတတိုးပွားစေရန်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်ရည်ရွယ်၍ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
Nov 20,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်နိုင်ရန် ရည်ရွယ်၍ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် လိုက်လံနှိုးဆော်ခြင်းလုပ်ငန်းများကို ​ယမန်နေ့ နံနက် (၁၀) နာရီအချိန်က သဲကုန်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်၍ ​ဆောင်ရွက်ခဲ့သည်။
Nov 20,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၄၉) စက်မှုလယ်ယာစခန်းမှ မျိုးစေ့ချကိရိယာ (Mechanical Seeder) ဖြင့် ပဲပုပ်မျိုးစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် မေရီလန်းကျေးရွာအုပ်စု တောင်သူဦးသက်နိုင်ဦး၏ လယ်မြေတွင် ပြုလုပ်ခဲ့သည်။
Nov 20,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေး ရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ နိုဝင်ဘာ ၁၈ ရက်နေ့ နံနက်ပိုင်းက အ.ထ.က (ဒါးပိန်) နှင့် အ.မ.က (မအူစု) ကျောင်းများသို့ သွားရောက်၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 20,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပွင့်လင်းရာသီကာလ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စည်ပင်သာယာပြည်သူ့ဈေးနှင့် မြို့မ‌ဈေးတို့၌ မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေးခဲ့ကြသည်။