မိုးနဲမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက (၁၁၀၇၆) ယခုလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်းသွားမည်

မိုးနဲ နိုဝင်ဘာ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ်တွင် မိုးစပါး စိုက်ပျိုးဧက စုစုပေါင်း (၁၁၀၇၆) ဧက စိုက်ပျိုးထားရှိပြီး နိုဝင်ဘာလကုန်တွင် ရာနှုန်းပြည့်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်အတွင်း မိုးစပါး ယာ (၁၃၆၉) ဧက၊ တောင်ယာ  (၁၁၁) ဧကနှင့် လယ် (၉၅၉၆) ဧက စုစုပေါင်း (၁၁၀၇၆) ဧကကျော် စိုက်ပျိုးထားရာ တောင်ယာစပါးနှင့်ယာစပါးများ အားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ လယ်စပါးများကိုလည်း ရိတ်သိမ်းလျက်ရှိရာ ယခုလကုန်ပိုင်းတွင် မိုးစပါးဧက အားလုံးအပြီးသတ်ရိတ်သိမ်း သွားမည်ဖြစ်ကြောင်း၊ မိုးစပါး စိုက်ပျိုးရာသီမှစ၍ ရိတ်သိမ်းချိန်အထိ လိုအပ်သော နည်းပညာနှင့် သွင်းအားစုများကိုလည်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီ‌ ဆောင်ရွက်‌ပေးလျက်ရှိ‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)