ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် MEVM မဲပေးစက်အကြောင်း အသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

ကြို့ပင်ကောက် နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်နှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်းအသိပညာပေးရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ကွင်းဆင်း ဆောင်ရွက်‌ပေးလျက်ရှိရာ နိုဝင်ဘာလ ၂၆ ရက်နေ့က မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးနှင့် စည်ပင်သာယာရေးအဖွဲ့ရုံးတို့တွင် ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မဲပေးသရုပ်ပြပွဲ အဖွဲ့ခေါင်းဆောင်မှ ရွေးကောက်ပွဲဆိုင်ရာအသိပညာ ဗဟုသုတများကိုပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို အသိပညာပေး ရှင်းလင်း ပြောကြား၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့ စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလာဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးပြီး မဲရလဒ်မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်း၍ အသိပညာပေးရှင်းလင်းခြင်းနှင့်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်အတွင်းအဖွဲ့ ၈ ဖွဲ့ခွဲကာ အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ဇေယျာထွန်း (ပြန်/ဆက်)