မိုင်းတုံ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ငါးတန်ဖွံ့ဖြိုးစေရေးနှင့် စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က အ.ထ.က မိုင်းတုံစာသင်ကျောင်းရှိ နီလာဆောင်ခန်းမတွင် ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသည့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၂၅၇) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီအရာရှိ ဒေါ်ဝင်းဝင်းခိုင်ကနိုင်ငံတော်၏ဦးတည်ချက် (၉) ရပ်အနက် လူမှုရေးကဏ္ဍတွင် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးအချက် ပါဝင်သည့်အတွက် လူငယ်များ ဦးဆောင်ဆွေးနွေးသည့် လူငယ် စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အားကစာနှင့်ကာယပညာဦးစီးဌာနမှ ဦးဇေယျာသန်းဝင်းက ဗလငါးတန်နှင့်ပတ်သက်ပြီး အကျယ်တစ်ဝန်း ရှင်းလင်းပြီးနောက် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပရာ Grade-8 ကျောင်းသား မောင်နေ့သစ်အောင်ကအစာစားခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးပုံ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူမဝင့်လွှာဖြူက ကျန်းမာရေးသည်လူသားတွေအတွက် အရေးကြီးပုံများ ခေါင်းစဉ်ဖြင့်လည်းကောင်း Grade-8 ကျောင်းသူ မဆုမြတ်ပြည့်စုံက လေ့ကျင့်ခန်းလုပ်ခြင်း၏အကျိုးကျေးဇူးများ မအိမ့်မြင့်မိုရ်မှူးက ကျန်းမာရေးနှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-8 ကျောင်းသူ မမြတ်ဖူးအိမ်က ကျန်းမာရေးအတွက် လူတို့၏ အပြုအမူခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/ ကျောင်းသူများထဲမှ မခင်ချမ်းမြေ့ဇော်၊ မပွင့်နဒီသွယ်၊ မခေမီကို၊ မောင်ဟိန်ဇော်အောင်၊ မောင်ဝေလင်းထွေး၊ မောင်လှိုင်လင်းအောင်နှင့် မငြိမ်းငြိမ်းစိုးတို့က သိရှိလိုသည်များ မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ကျောင်းသား/ ကျောင်းသူများနှင့် တာဝန်ရှိသူများက မေးခွန်းများကို ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)