ရှမ်းရွာသစ် ဒီဇင်ဘာ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ်အဖြစ် ထက်/လယ်ဆင့် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ကျင်းပခဲ့ ကြောင်း သိရှိရသည်။
အဆိုပါစာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသား/သူ(၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့်တွင်"လွတ်လပ်ရေး၏ အနှစ် သာရ"ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့်တွင်"လွတ်လပ်ရေးနေ့"ခေါင်းစဉ်ဖြင့်လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲပြုလုပ်ဆောင်ရွက်ရခြင်းမှာ ကျောင်းသား/သူများ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ပြုလုပ်ဆောင်ရွက်ပေးရကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်း ဆုများပေးအပ်ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)