အမြို့မြို့အနယ်နယ်သတင်းများ

Nov 28,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။
Nov 28,2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်ကိုင်းကျေးရွာအုပ်စု၊ သာယာကုန်းခေတ်မီစံပြကျေးရွာ၌ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ယနေ့နံနက် (၁၀)နာရီက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Nov 28,2025
ပဲခူးမြို့၌ ပဲခူးမြို့ရှောင်လမ်းနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းတို့ ဆက်သွယ်ထားသည့် လမ်းဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ(၂၈)ရက် နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်သည်။
Nov 28,2025
၂၀၂၅/၂၀၂၆ ပညာသင်နှစ်အတွင်း၊ ဆေးတက္ကသိုလ်(မကွေး)၌ဖွင့်လှစ်သွားမည့် ဆေးပညာပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသော ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက ဆေးတက္ကသိုလ်-မကွေး၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Nov 28,2025
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ နန်းပန်မြို့ မိုးလုံလေလုံအားကစားရုံဖွင့်ပွဲနှင့် SHAN STATE VOLLEYBALL LEAGUE (2025-2026) ကလပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၈) ရက် နံနက် (၉) နာရီက အဆိုပါအားကစားရုံ၌ ပြုလုပ်ခဲ့သည်။
Nov 28,2025
မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွန်းရန်နှင့် ရွေးချယ်မွေးမြူနိုင်ရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းအားကစားပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၈)အ.ထ.ကကျောင်းရှေ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
Nov 28,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ စတင်ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်၌ တာဝန်ရှိသူများက ဒုတိယအကြိမ်မဲစာရင်းကိုအခြေခံ၍ မဲဆန္ဒရှင်များ၏ အချက်အလက်များ မှန်ကန်မှုရှိစေရေး၊ မဲပေးပိုင်ခွင့်ရှိပြီး မဲစာရင်းတွင်ကျန်နေခဲ့သူများ မရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြသည်။
Nov 28,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများလက်ဝယ်အရောက် အချိန်မီ စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။