တာလေ ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့ နံနက်ပိုင်းက နားယောင်းကျေးရွာအုပ်စုအတွင်း ကျေးရွာ များမှ ပြည်သူများအား အိုမီခရွန် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ရောဂါပိုး ကူးစက်လာခြင်းများ မဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ဒေသအတွင်းရှိ အများပြည်သူ အားလုံးက ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်းများကို တစ်ဦးမှ တစ်ဦးသို့ အချင်းချင်း သတိပေးကြပြီး ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းချက်များနှင့် အညီ နေအိမ်ပြင်ပသို့ သွားလာတိုင်း နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ အခြားသူများထံ သွားရောက်လည်ပတ်ခြင်းများ မပြုလုပ် ကြရန်၊ အရာဝတ္တုပစ္စည်းများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် မကြာခဏ ဆေးကြော ပေးရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ မပြုလုပ်ကြရန်နှင့် တတ်နိုင်သမျှ ရှောင်ကျဉ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ (လုံးဝ)ပြတ်တောက် ရပ်တန့်စေရေးအတွက် အများပြည်သူ အနေဖြင့် ကာကွယ်ဆေးများကို အကြိမ်ပြည့် မပျက်မကွက် ဆေးထိုးနှံကြရန်၊ မိမိတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည်ဟု သံသယဖြစ်ပါက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံးပြသ၍ ဆေးကုသမှုစနစ်တကျ ခံယူကြရန်နှင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများက ကျေးရွာများရှိ သတ်မှတ် ဆေးထိုးစုရပ်များသို့ မိမိကိုယ်တိုင် လာရောက်ဆေးထိုးနှံကြရန်နှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ(လုံးဝ) ပြတ်တောက် ရပ်တန့်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အများ ပြည်သူ များက မိမိကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)