ထားဝယ် ဇန်နဝါရီ ၂၇
(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက(၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပြုလုပ်သော အစည်းအဝေးဖြစ်ကြောင်း၊ (၇၅)နှစ် မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားတွင် လစ်ဟမှုမရှိစေရေးအတွက် ပြောကြားခြင်း ဖြစ်ကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို နေပြည်တော်၌ ခမ်းခမ်းနားနားကျင်းပပြုလုပ်မှာ ဖြစ်သလို တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှာလည်း ပြုလုပ်ကျင်းပမှာ ဖြစ်ကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများအနေဖြင့် အားလုံးညီညီညာညာဖြင့် ဝိုင်းဝန်းပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ပေးစေလိုကြောင်းပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပြည်ထောင်စုနေ့အခမ်းအနား ဆောင်ရွက်မည့် အခြေအနေအား ရှင်းလင်းဆွေးနွေးပြီး အခမ်းအနား ပြင်ဆင်ရေး၊ စစ်ရေးပြ၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေး၊ ဘဏ္ဍာငွေသုံးစွဲမှုစာရင်း ရှင်းလင်းရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး၊ ကြိုဆိုနေရာချထားရေးနှင့်ပို့ဆောင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုစသည့် လုပ်ငန်းကော်မတီအလိုက် ရှင်းလင်းဆွေးနွေးရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)