Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ်တွင် မဟာဓာတ်အားလိုင်း တည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော သီးနှံများအတွက် သီးနှံလျော်ကြေးငွေများပေးအပ်
Jan 27,2022
၂၃၀ ကေဗွီ လှိုင်သာယာ-ကျိုက်လတ် မဟာဓာတ်အားလိုင်း တည်ဆောက်မှုကြောင့် ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း တူးချောင်းကျေးရွာနှင့် ကျောက်ကြီးကျေးရွာ တို့ရှိ တောင်သူများ စိုက်ပျိုးထားသည့် သီးနှံများပျက်စီးမှုများအတွက် သီးနှံလျော်ကြေးငွေ များ ပေးအပ်ခြင်းကို ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းက တဝရွှေဂူကြီး ဘုရားအာရုဏ်ခံ တန်ဆောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်
Jan 27,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ကျောက်ဖြူမြို့နယ် မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးစောနိုင် ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များသို့လှည့်လည်၍ နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေး
Jan 27,2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ကသာမြို့ရှိ တောင်ပေါ်ကျောင်း၌ ရပ်ကွက်အတွင်းရှိ ပြည်သူများအား ယမန်နေ့ နံနက်(၉)နာရီအချိန်မှစ၍ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းပြုလုပ် ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့နံနက် ၀၈း၀၀နာရီမှ ၀၈း၄၅နာရီအထိ လှိုင်မြို့နယ်၊ ၁၂ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်ရတနာစျေးအတွင်း နှာခေါင်းစည်း Mask များဖြန့်ဝေခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ဗီနိုင်းပိုစတာကပ်ခြင်းများအား မြောက်ပိုင်းခရိုင် ကျန်းမာရေးဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာရွှေဘော် ဦးဆောင်၍ မြို့နယ် ကျန်းမာရေးတာဝန်ခံ၊ စျေးတာဝန်ခံတို့ဖြင့် ဆောင်ရွက်ခြင်းအား ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေဘိုမြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများအရောက် ထိုးနှံပေးလျက်ရှိ
Jan 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများ အရောက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့၌ သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနိုးဆော်ခြင်း ဆောင်ရွက်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သတ် ခြင်းမရှိစေရန် ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စာရေးဆရာ နေနေနိုင်သူ၏ “ဘဝအောင်မြင်ရေး လူ့သဘာ ဝတ္ထအပိုင်းအစများ” စာအုပ်မိတ်ဆက်ပွဲကျင်းပ
Jan 27,2022
အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်အရှင်နေမိန္ဒ (ပဓာနနာယက ကျောင်းအုပ်ဆရာတော်) စာရေး ဆရာနေနေနိုင်သူရေးသားခဲ့သော “ဘဝအောင်မြင်ရေး လူ့သဘာဝတ္ထအပိုင်းအစများ” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော အဖွဲ့များက ယမန်နေ့ ညနေပိုင်းအချိန်က စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22845
Page
22846
Page
22847
Page
22848
Current page
22849
Page
22850
Page
22851
Page
22852
Page
22853
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department