အမြို့မြို့အနယ်နယ်သတင်းများ

Feb 06,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ဖေဖော်ဝါရီ၄ ရက်နေ့ မွန်လွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
Feb 06,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးပြီး အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့ နံနက်ပိုင်းက တပင်ရွှေထီးလမ်းမကြီးနှင့်မြို့မစျေးအနီးဝန်းကျင်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 06,2022
ချင်းပြည်နယ်၊ ဟားခါးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နောက်ဆုံးထိုးနှံသည့် ဇန်နဝါရီလ ၅ ရက်နေ့အထိ ပြည်သူ ၄၂၆၈ ဦးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
Feb 06,2022
(၇၅) နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အိမ်မဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဆောင်ရွက်ပြီးစီးသည့် ကြာတန်းနှင့် သဲကုန်းကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာ များ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Feb 06,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် အရှေ့ကျေးရွာအုပ်စု၊ မဟာထူပါရုံတောရကျောင်း၌ တည်ဆောက်ပြီးစီးခဲ့သည့် ဓမ္မဓဇဓမ္မာရုံဖွင့်ပွဲနှင့် အောင်တော်မူ ကုန်းတော်ပေါ်တွင် အနန္တဇိန လောကချမ်းသာစေတီတော် တည်ထားကိုးကွယ်နိုင်ရန် မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ထံမှ ဩဝါဒခံယူပွဲကို ဖေဖော်ဝါရီလ ၅ ရက် နံနက်(၁၀)နာရီက အဆိုပါဓမ္မာရုံတွင် ကျင်းပသည်။
Feb 06,2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ လှူဒါန်းသော ကျောက်ဖြူလူငယ်စင်တာ၊ မီးဖို၊ စားသောက်အဆောင်သစ်ဖွင့်ပွဲနှင့် အကျိုးတော်ဆောင်ဖွဲ့စည်းခြင်းကို ယမန်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က အစိုးရရပ်ကွက်ရှိ အဆိုပါစင်တာအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Feb 06,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှမြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်ဦးဆောင်သည့် ဝန်ထမ်းများက ယမန်နေ့နံနက်(၁၀)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ကုတင်-၁၀၀၀ စစ်ဆေးရုံတွင် နိင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းပေးအပ်ပွဲ အခမ်းအနားပြုလုပ်ကျင်းပခဲ့သည်။