ဘားအံ ဖေဖော်ဝါရီ ၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ဖေဖော်ဝါရီ၄ ရက်နေ့ မွန်လွဲ (၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ပြည်သူ့စာကြည့်တိုက် စာဖတ် ပရိတ်သတ်များနှင့် လူငယ်များပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံအ ကြောင်း ကိုမမေ့လျှော့စေရန်နှင့်ပြည်ထောင်စုဘွား တိုင်းရင်သားညီအစ်ကိုမောင်နှမများ စည်းလုံးညီညွတ်မှုကို အစဉ်အလေးထားကြစေရန်အတွက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်း ဘားအံမြို့နယ်ဥက္ကဋ္ဌ ဆရာမဒေါ်ဆုလာဘ်နွယ်နှင့် အဖွဲ့ဝင်သဒ္ဒါဆုတို့က ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ပင်လုံစာချုပ်တွင် လက်မှတ် ရေးထိုးခဲ့ကြသူများ၊နယ်ချဲ့အင်္ဂလိပ်တို့၏ သွေးခွဲအုပ်ချုပ်ပုံများကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သသည်။ ဆွေးနွေးပွဲ TalkShowကို WeLovePageနှင့် ပြည်သူ့စာကြည့်တိုက် Pageများမှတစ်ဆင့် ထုတ်လွင့်တင်ဆက်ပေး
သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)