ကန့်ဘလူ၌ ကိုဗစ်- ၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး Mask များ အခမဲ့ဖြန့်ဝေ၊ အသိပညာပေးဟောပြော

ကန့်ဘလူ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း(Mask)များ အခမဲ့ ဖြန့်ဝေပေးပြီး အသိပညာပေးဟောပြောခြင်းများကို ယမန်နေ့ နံနက်ပိုင်းက တပင်ရွှေထီးလမ်းမကြီးနှင့်မြို့မစျေးအနီးဝန်းကျင်တို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နှာခေါင်းစည်း (Mask) များ အခဲ့ဖြန့်ဝေပေးရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ မှဝန်ထမ်းများ ပူးပေါင်း၍ တပင်ရွှေထီးလမ်းမကြီးတစ်လျှောက်၌ သွားလာနေသူများ၊ မြို့မစျေးတွင် စျေးရောင်း စျေးဝယ်များအား နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေပေးကာ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက် များကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)