ရွှေဘိုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေးဆောင်ရွက်

ရွှေဘို ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစည်းအဝေးကို ဖေဖော်ဝါရီ ၄ရက်နေ့ နေ့လည်(၂)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးဦးမှ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်မည့်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် ဌာနဆိုင်ရာများ ပါဝင်သော ကဏ္ဍအလိုက် ကော်မတီအသီးသီးမှ မိမိတာဝန်အလိုက် ကြီးကြပ်ဆောင်ရွက် ကြရန်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆပ်ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့်ကြိုဆို နေရာချထားရေး ဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေး ဆပ်ကော်မတီ၊  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးဆပ်ကော်မတီ၊  လုံခြုံရေးဆပ်ကော်မတီနှင့် သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ တို့ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။