အမြို့မြို့အနယ်နယ်သတင်းများ

Mar 20,2022
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအဆင့်အလိုက် အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစစ် နှစ်ဆုံးစာမေးပွဲများနှင့် (Grade - 9) စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ၁၇ရက်နေ့မှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ၊အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကျောင်းသား/သူလေးများ နွေရာသီအားလပ်ရက် များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေးနှင့် လူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လိုက်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်းရှိ စုံညီခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 20,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
Mar 20,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ အ.ထ.က အမှတ်(၃)ကျောင်းတွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် ခရိုင်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပသည့် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Mar 20,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းတွင်းစာမေးပွဲ တတိယနေ့အဖြစ် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်း (၇၈) ကျောင်းတို့တွင် အေးချမ်းတည်ငြိမ်စွာ ဆက်လက်ဖြေဆိုကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
Mar 20,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှတ်(၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့(ခွဲ)၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်းနှင့် မီးငြိမ်သတ်ရေး သရုပ်ပြသခြင်းကို မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
Mar 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊  မအူပင်မြို့နယ် မအူပင်တက္ကသိုလ်တွင် ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက်ပိုင်းက ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည်။
Mar 20,2022
၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၌ ကျရောက်မည့်(၇၇)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြို သတင်းစကား လက်ကမ်းစာစောင်များကို ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယမန်နေ့ နံနက် ၈ နာရီချိန်က အ.ထ.က မင်းလှ (မြို့တွင်း) ကျောင်းတွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။