ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)Phase-8၊ ပထမအကြိမ် ဆက်လက် ထိုးနှံပေး

ကျွန်းလှ မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)  Phase-8၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံနှင့် ပျဉ်းမမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင်ရပ်ကွက်၊ ကျေးရွာအတွင်းရှိ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ဦးတည်အုပ်စု သတ်မှတ်ပြီး Phase-8 ပထမအကြိမ်ထိုးနှံခြင်းပေးကြောင်း၊ Phase-6နှင့် Phase-7 ဒုတိယအကြိမ် ထိုးနှံရမည့်သူများကိုလည်း ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်း‌ဇော်‌ဌေးတို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ