သထုံ မေ ၁၅
မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း သဘာဝဘေးနှင့်အခြားသောဘေးအန္တရာယ်များ ဖြစ်ပွားပေါ်ပေါက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ပြင်ဆင်ထားရှိကြောင်း ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ သိရသည်။
မွန်ပြည်နယ် ပြည်နယ်မီးသတ်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သထုံခရိုင် မီးသတ်ဦးစီးမှူး ဦးဝေယံအောင်က ဦးဆောင်ကာ သထုံ၊ ကျိုက်ထို၊ ဘီးလင်းနှင့် ပေါင်မြို့နယ်တို့မှ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင် မြို့နယ်တစ်ခုလျှင် ရှာဖွေကယ်ဆယ်ရေးတပ်စုတစ်စုစီနှင့် လူမှုကူညီရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့ဖြင့် အသင့်စုဖွဲ့ထားရှိပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာများအား စနစ်တကျစစ်ဆေးခြင်းနှင့် အရေးပေါ်အခြေအနေတွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို အချိန်မီကာကွယ်စောင့်ရှောက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်