ရန်ကုန် မေ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းတွင် လူထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံဝင်းက အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ရသည့်အကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ရဲအုပ်ကျော်သူရထွန်းမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်အဖြစ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပြီး ရဲအုပ်ဝင်းမင်းသန်းမှ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောသည်။
ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်ဆုပြည့်ကျော်က နိုင်ငံတော်အစိုးရ ရက်(၁၀၀)စီမံချက်အဖြစ် အွန်လိုင်းလိမ်လည်မှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပြီး မြို့နယ်ရဲမှူးသိန်းလွင်က မှုခင်းအသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု တားဆီးကာကွယ်ရေး အသိပညာပေး စာအုပ်၊ စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြပြီး တာဝန်ရှိသူများက လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)