Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့နယ်တွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲဆောင်ရွက်
Jan 17,2025
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့တို့ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲနှင့်ပြပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့၊ မွန်းလွဲပိုင်းက ရေပြည့်ကျေးရွာအုပ်စု၊ ရေပြည့်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့တွင် သံဃာ့ဝန်ဆောင် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း သံဃာ့ဝန်ဆောင် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ဟိုခုံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့၊ အ.မ.က(ခလရ-၆၆)ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 17,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အ.မ.က(ခလရ-၆၆)ကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပျော်ဘွယ်မြို့နယ်ရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 17,2025
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သော ဝန်ထမ်းများဖြင့်ဖွဲ့စည်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သမဝါယမကောလိပ်(မန္တလေး) ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 17,2025
သမဝါယမကောလိပ်(မန္တလေး)၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၆) ရက်နေ့ နံနက်ပိုင်း ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ် (မန္တလေး) ရန်ကင်းခန်းမဆောင်တွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သမဝါယမကောလိပ် (မန္တလေး) ကျောင်းအုပ်ကြီး ဒေါက်တာတင်မူအေးနှင့်ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ ကျောင်းအခြေပြု တီဘီစမ်းသပ်ရှာဖွေစစ်ဆေးခြင်းကို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(မုတ်ထုတ်)တွင် ကွင်းဆင်းဆောင်ရွက်
Jan 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျောင်းအခြေပြု တီဘီရောဂါ စမ်းသပ်ရှာဖွေကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ဘုန်တော်ကြီးသင်ပညာရေးကျောင်း(မုတ်ထုတ်)စာသင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုပ္ပားဒေသတွင်သာရှိသည့် ပုပ္ပားမျောက်မြှီးရှည်များ ထိန်းသိမ်းရန် နေထိုင်ကျက်စားရာ တောများ၊ စာကျက်များအား တင်းကျပ်စွာ ကာကွယ်ထိန်းသိမ်းရန် မြန်မာတစ်မျိုးသားလုံး…
Jan 17,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက် (၁၁)မိုင်ခန့်အကွာတွင် တည်ရှိနေသည့် ကမ္ဘာကျော်မီးငြိမ်းတောင်ဖြစ်သည့် ပုပ္ပားတောင်မကြီး မီးတောင်ချိုင့်ဝှမ်းအတွင်း ပုပ္ပားမျောက်မြှီးရှည်များကျင် လည်ကျက်စားနေထိုင်လျက်ရှိပြီး သဘာဝသားရဲတိရစ္ဆာန်ချစ်မြတ်နိုးသူများ၊ သဘာဝတောတောင်ရေမြေချစ်မြတ်နိုးသူများ ခွင့်ပြုချက်ဖြင့် လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဘေးမဲ့တောဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကူမြို့၌ စာကြည့်တိုက်ဖွံ့ဖြိုးတိုက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 17,2025
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်၍ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်က “ထက်အောင်” ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2152
Page
2153
Page
2154
Page
2155
Current page
2156
Page
2157
Page
2158
Page
2159
Page
2160
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department