မိုင်းယောင်းမြို့တွင် သံဃာ့ဝန်ဆောင် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ

မိုင်းယောင်း ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်း သံဃာ့ဝန်ဆောင် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ် ၁ နာရီက ဟိုခုံပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့ဖွင့်လှစ်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသောက အဖွင့်ဩဝါဒမိန့်ကြားပြီး သံဃာ့ဝန်ဆောင်ဆရာတော်များက အချင်းချင်းကြိုတင်ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ အနားယူခြင်း၊ အစားထိုးရွေးချယ်ခြင်းကိစ္စနှင့်စပ်လျဉ်းပြီး ဝမ်ဖြိုကျောင်းဆရာတော်နှင့် မိုင်းဟန်ကျောင်းဆရာတော်တို့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် အဖွဲ့ဝင်များ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် မြို့နယ်ဂေါပကအဖွဲ့၊ တက်ရောက်လာသူများနှင့် လိုအပ်သည်များ အပြန်အလှန် ဆွေးနွေးတင်ပြ လျှောက်ထားခဲ့ကြသည်။

ယင်းနောက် မိုင်းဟန်ကျောင်းဆရာတော်က နိဂုံးချုပ်ဩဝါဒမိန့်ကြားပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အတူ မိုင်းဟန်ကျောင်းဆရာတော်အား သွားရောက်ဖူးမြော်ပြီး တန်ဖိုး ကျပ် (၃၀၀,၀၀၀) ရှိ ဆေး (၁)ဖာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)