ဒေးဒရဲမြို့၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ  ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊     ဒေးဒရဲမြို့နယ်တွင်  (၇၇) နှစ်မြောက် လွတ်လပ်ရေး နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိရာ  ယမန်နေ့နံနက်ပိုင်းကစတင်၍  ယူနိုက်တက်ဖူဆယ်ဘောလုံးကွင်းတွင်  အခြေခံပညာမူလတန်း ကျောင်းပေါင်းစုံ ဖူဆယ်ဘောလုံးပြိုင်ပွဲအား   ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 အဆိုပါအားကစားပြိုင်ပွဲများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ကြီးကြပ်မှု မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနက ဦးဆောင်ကာ သက်ဆိုင်ရာကော်မတီများအလိုက် ကျင်းပပြုလုပ် လျက်ရှိပြီး မြို့နယ်အားကစားခန်းမ၌ ဘောလီဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်၊  ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် လက်ဝှေ့ပြိုင်ပွဲများ ကျင်းပပေးသွားမည်ဖြစ်ပြီး ဆုရရှိသူများကို (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများအဖြစ် အာလူးကောက်၊ ပူပေါင်းဖောက်၊ ဂုန်နီအိတ်စွပ်အပြေးပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ချောတိုင်တက် ပြိုင်ပွဲနှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပေးသွားဖြစ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများနှင့် ပြည်သူများ ဝင်ရောက်ဆင်နွှဲနိုင်ကြောင်း သိရသည်။

အေဇာလင်း