ငပုတောမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့(အထိမ်းအမှတ်)အကြို အားကစားပြိုင်ပွဲများ ကျင်းပ

ငပုတော  ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ခရိုင်၊ ငပုတောမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအားကစားပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁)နာရီ အချိန်က တောင်ကလေးအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ အ.ထ.က တောင်ကလေး ကျောင်းအုပ်ဆရာကြီး ဦးဖြိုးရာဇာဦးက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်ကာယကြံ့ခိုင်မှုရှိစေရန်နှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လို‌စိတ် ရှိစေရန် ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် (၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စကောရွက်ပြိုင်ပွဲ ၊ အာလူးကောက်ပြိုင်ပွဲ ၊ အိတ်စွပ်ပြိုင်ပွဲ ၊ ပုဆိုးကွင်းလျှိုဆွဲပြိုင်ပွဲ ၊ ပိုက်ကျော်ခြင်း ၊ မုန့်စားပြိုင်ပွဲ ၊ အကျီဝတ်ပြိုင်ပွဲ ၊ စာအုပ်ရွက်ပြိုင်ပွဲ စသည့် အားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အောင်သူ ( ပြန် / ဆက် )