အမြို့မြို့အနယ်နယ်သတင်းများ

Jan 18,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်း မရှိသေးသူများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများအား ကျေးရွာအထိ ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိရာ ယနေ့ နံနက်ပိုင်းတွင် မိုင်းရှူးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား/ကျောင်းသူများအား သွေးစစ်ပေးခြင်း/ဓာတ်ပုံရိုက်ကူးပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခဲ့သည်။
Jan 18,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က မိုင်းလုံမြို့ အောက်ရပ်ကွက်တွင် သွား‌ရောက် ငှားရမ်းပေး ခဲ့သည်။
Jan 18,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယနေ့ နံနက် ၉ နာရီအချိန် မှစ၍ ကသာ မြို့တော်ခန်းမတွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇ​ပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ရှမ်းဘာသာဖြင့် ယမန်​နေ့ ည​နေက ဝမ်ယန်း​မိုင်ကျေးရွာနှင့် ဝမ်ပုံကျေးရွာသို့ Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။
Jan 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် အသက်( ၄၀ )နှစ်နှင့်အထက် ပြည်သူများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဒုတိယအကြိမ်  ကာကွယ်ဆေး မထိုးနှံရသေးသော ပြည်သူ(၄၆၈) ဦးအား ဆ/ကရပ်ကွက်၊ ကျိုက္ကဆံဘုရားဝင်းအတွင်းရှိ ဓမ္မဗိမာန်တော်၌ ယမန်နေ့၊ နံနက် ၈ နာရီမှ ညနေ ၃ နာရီအတွင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jan 18,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊‌ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ (အိုမီခရွန်) ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက အမှတ်(၁)ရပ်ကွက် (ဝမ်ကတ်) အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 18,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်း၊ အဖွဲ့ဝင်(၂) ဦးလှသောင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့မှ ယနေ့နံနက် ၁၁ နာရီက တောင်တွင်းကြီးမြို့နယ် ချောင်းနက်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ရုံးတွင် အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရွာခွဲတာဝန်ခံများက ကျေးရွာနေ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ၍ အသိပေးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
Jan 18,2022
မွန်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ပြည်နယ်ဖြစ်ပြီး နွေစပါးစိုက်ပျိုးမှု တိုးမြှင့်စိုက်ပျိုးနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ် ကွန်လှာကျေးရွာရှိ တောင်သူလယ်သမား များအား အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများက တွေ့ဆုံသည်။