မုဒုံ ဇန်နဝါရီ ၁၈
မွန်ပြည်နယ်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် ပြည်နယ်ဖြစ်ပြီး နွေစပါးစိုက်ပျိုးမှု တိုးမြှင့်စိုက်ပျိုးနိုင်ရန်အတွက် ယမန်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ် ကွန်လှာကျေးရွာရှိ တောင်သူလယ်သမား များအား အုပ်ချုပ်ရေးမှူးရုံး၌ တာဝန်ရှိသူများက တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့၊ မြို့နယ်ဆည်မြောင်း ဦးစီးမှူးတို့က အဆိုပါကျေးရွာရှိ တောင်သူ ၁၇ ဦးနှင့် တွေ့ဆုံကာ နွေစပါးတိုးမြှင့် စိုက်ပျိုးနိုင်ရန် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းခဲ့ကြပြီး နွေစပါးစိုက်ပျိုးမည့် လယ်ဧက ၆၆ ဧကအတွက် နွေရာသီ ရေရရှိ မှုအခြေအနေများ၊ ချောင်း၊ မြောင်းတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)