မိုင်းဖြတ်၌ ကိုဗစ်-၁၉ ဗီဇ​ပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါပိုးကြိုတင်ကာကွယ်ရေး ရှမ်း/မြန်မာ နှစ်ဘာဘာသာဖြင့် အသိပေးနှိုးဆော်

မိုင်းဖြတ် ဇန်နဝါရီ  ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇ​ပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် အချက်များကို ရှမ်းဘာသာဖြင့် ယမန်​နေ့ ည​နေက ဝမ်ယန်း​မိုင်ကျေးရွာနှင့် ဝမ်ပုံကျေးရွာသို့ Hand Speaker ဖြင့် အသိပညာပေး နှိုးဆော်ခဲ့သည်။

ထိုသို့ အသိ​ပေးနှိုး​ဆော်ရာတွင် မြို့နယ်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦး​ရှောလမွန်နှင့် ဝန်ထမ်းများ၊   ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron)​ ရောဂါ ကူးစက်မှုသည် ရက်ပိုင်းအတွင်း ​နိုင်ငံအ​ရေအတွက် များပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉​ ရောဂါနှင့် လုံးဝမတူ​တော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ​ရောဂါ ကူးစက်ခံရသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ​ရောဂါကူးစက်မှု မြန်ဆန်ခြင်းကို အသိ​ပေးနှိုးဆော်ခဲ့သည်။

ထို့​နောက် ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေး နည်းလမ်းများဖြစ်သည့် လူစုလူဝေး ရှောင်ရှား​ခြင်း၊ နေအိမ်အပြင်သို့ ထွက်ပါက နှာ​ခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်​ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာမှ နေထိုင်စကား​ပြောခြင်း စသည့် ​နည်းလမ်းများကို ရှမ်း/မြန်မာနှစ်ဘာသာဖြင့် အသိ​ပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

သန်းထွန်း​အေး