အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2026
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ (၃၀)ရက်နေ့ ညနေ(၃)နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့သည်။
Jan 01,2026
၂ဝ၂၆ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မြန်မာနိုင်ငံစကိတ် အားကစားအဖွဲ့ချုပ် Well Skateboards, Fix Gear Bikers, Inline Skater, BMX Demonstrates ပြိုင်ပွဲနှင့် သရုပ်ပြပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိဘုရားရှေ့ တပေါင်းကွင်း၌ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများ တက်ရောက်ကြသည်။
Jan 01,2026
(၇၄)နှစ်မြောက်၊ ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ် ထူဒူငံသကျေးရွာ “ဘိုးလာမာလမ်း” ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က အဆိုပါလမ်းသစ် မုခ်ဦးရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
Jan 01,2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဒီဇင်ဘာလ (၁၇)ရက်နေ့မှ စတင်ကာ အားကစားနည်းမျိုးစုံ ပြိုင်ပွဲများကို ရွှေဘိုမြို့၊ ရန်ကြီးအောင်အားကစားကွင်းတွင် ကျင်းပပြုလုပ်လျှက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်နှင့် အဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီဝင်များက လှည့်လည်ကြည့်ရှု့ အားပေးခဲ့ကြသည်။
Jan 01,2026
ရန်ကုန်တိုင်ဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့နံနက် (၁၀:၀၀)အချိန်က ကမာရွတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးခန်းမ၌ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်‌‌ရေးနေ့အကြိုအထိမ်းအမှတ် သားကောင်းမိခင်နှင့် ကလေးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2026
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော မုံရွာမြို့ပေါ်ရှိ ပရိယတ္တိစာသင်တိုက်ကြီး ၃ တိုက်မှ ဆရာတော်၊ သံဃာတော်များအား ဆွမ်းနှင့်ဆွမ်းဟင်း လောင်း လှူပွဲနှင့် သီလရှင်ကျောင်းတိုက် ၁၀ ကျောင်းမှ သီလရှင်ဆရာကြီး/ဆရာလေးများအား ဆွမ်းဆန်စိမ်းများလောင်းလှူပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝင်းအတွင်း ကျင်းပရာ ဆွမ်း၊ ဆွမ်းဟင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့်မိသားစုဝင်များ၊ မုံရွာမြို့ပေါ်ရှိမှ MSME လုပ်ငန်းရှင်များ၊ စားသောက်ဆိုင်များမှ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ 
Jan 01,2026
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၅ - အောင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ဒီဇင်ဘာ (၃၀)ရက်နေ့နံနက် (၁၀)နာရီက မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 01,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ခင်းကျင်းဆောင်ရွက်ခဲ့သည့် မြစ်ကြီးနားမြို့တွင်းလမ်း မြစ်ကြီးနား-မန်ခိန်လမ်း ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့က အဆိုပါ လမ်းသစ်၏ ရုံးကြီးလမ်းနှင့် သခင်နက်ဖေလမ်းထောင့်၌ ကျင်းပပြုလုပ်ခဲ့သည်။