အမြို့မြို့အနယ်နယ်သတင်းများ

Jan 01,2026
ရန်ကုန်တိုင်းသေကြီးအတွင်းရှိ ဒေသခံပြည်သူများအပန်းဖြေပျော်ရွှင်စေရန်၊ နှစ်သစ်ကို သာယာချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်နှင့် စိတ်ခွန်အားသစ်များရရှိရန် ရည်ရွယ်၍ ကျင်းပသည့် ၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ရန်ကုန်တိုင်း​သေကြီး၊ ပြည်သူ့ရင်ပြင်၌ ကျင်းပရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Jan 01,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြိုနယ်တွင် ယမန်နေ့နံနက် (၁၁)နာရီက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို အခြေခံပညာကျောင်းများနှင့် ပြည်သူများစည်ကားရာ နေရာများဖြစ်သော အနှေးယာဉ်ဂိတ်၊ ဈေးဆိုင်များနှင့် YBS မှတ်တိုင်များတွင် ခရီးသွားပြည်သူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ လိုက်လံဖြန့်ဝေကြကြောင်း သိရသည်။
Jan 01,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကာယစွမ်းရည်တိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် ကျောင်းတွင်းအာကစားပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အတွင်းရှိအခြေခံပညာ(အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်းများတွင် ကျင်းပဆောင်ရွက်လျက်ရှိ​သည်။
Jan 01,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ပြည်သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Jan 01,2026
လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အခြေခံမူလတန်းကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 01,2026
နေပြည်တော်ကောင်စီဝင် ဦးဝင်းမိုးခိုင်သည်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ တဲကြီးကုန်းကျေးရွာ၌ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က တောင်သူများနှင့် တွေ့ဆုံကာ ဆောင်းသီးနှံများ စိုက်ပျိုးထားရှိမှုနှင့် နွေစပါးစိုက်ပျိုးရန် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 01,2026
နှစ်သစ်ကူးရုံးပိတ်ရက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်ဘုရား၊ ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် နေဝင်ဆည်းဆာကြည့် တောင်ကုန်းတုများပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုရန် တောင်ကုန်းများပေါ်သို့လာရောက်သူ များပြားလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။