အမြို့မြို့အနယ်နယ်သတင်းများ

Jan 06,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အ.ထ.က ရေတာရှည်ကျောင်း၊ အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပညာရေးစုံညီပွဲတော်ကို နိုင်ငံတော်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jan 06,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉  နာရီခွဲက လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jan 06,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ကြံတောအုပ်စု၊ မျောက်ချောကုန်း အခြေခံပညာအထက်တန်း ကျောင်းတွင်၊ (၅၂၈)လူငယ်ဖွံ့ဖြိုးရေးပရဟိတ ကျောက်တိုင် ကျောင်းတိုက်ဆရာတော်ဒေါက်တာဘဒ္ဒန္တ ပညာနန္ဒ (သီတဂူဗုဒ္ဓတက္ကသိုလ်ကထိက၊ ပြည်) ဦးဆောင်ကာ အခြေခံပညာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၏ ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်အောင်သင်ကြားပေးသည့် ဆရာဆရာမများ၊ ထူးချွန်သည့် ကျောင်းသားကျောင်းသူများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပခဲ့သည်။
Jan 06,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီမှ စတင်၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို အမှတ် (၄) ရပ်ကွက်ရှိ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jan 06,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဈေးကော်မတီဝင် များပူးပေါင်း၍ မြို့မဈေးအတွင်းဈေးရောင်းချနေသည့် ဈေးဆိုင်များတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 06,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် ဆောင်ရွက်ပေးခဲ့ပါသည်။
Jan 06,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် မြို့နယ်သက်ကြီးကန်တော့ခံစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်‌နေ့မွန်းလွဲ ၁၄:၀၀ နာရီအချိန်က ကျင်းပခဲ့သည်။
Jan 06,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဇီဝနည်းပညာသုတေသနဦးစီးဌာန (ကျောက်ဆည်) တွင်ဓာတုသွင်းကုန်များ အစားထိုးအသုံးပြုနိုင်ခြင်း၊ လယ်ယာစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်များ လျော့နည်းစေခြင်း၊ အပင်များ ကိုင်းကူး/ကိုင်းဆက်ပြုနိုင်ခြင်း၊ အသီး၊ အရွက်၊ အပွင့်များ ခူးပြီးချိန်တွင် ကြာရှည်ခံခြင်း၊  အစေ့အညှောင့်များဖောက်ခြင်း၊ အပင်များပြောင်းရွှေ့စိုက်ပျိုးခြင်းနှင့် ရောဂါပိုးမွှားများ ကြိုတင်ကာကွယ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရွှေစိမ်း၊ ရွှေဆည်ရည်၊ ရွှေပိုးနှင်ဆေး စသည့် ဇီဝထုတ်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။