မြစ်သားမြို့နယ်၌  ၂၀၂၅-၂၀၂၆ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မြစ်သား ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂-၂၀၂ ပညာသင်နှစ်၊ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ဇန်နဝါရီ ၃ ရက်က မြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်း သား၊ ကျောင်းသူများက  ဂုဏ်ပြုတေးသီဆိုဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်က အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး(တာဝန်ခံ) ဆရာမကြီး ဒေါ်စံပယ်ဝင်းက ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂-၂၀၂ ပညာသင်နှစ်တွင် မြို့နယ်အဆင့်ဘက်စုံထူးချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့်ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ ခရိုင်အဆင့်နှင့်မြို့နယ်အဆင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအားတာဝန်ရှိသူများက ဆုများချီးမြှင့်သည်။ ထို့‌နောက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား၊‌  ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်း သီဆိုဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

 ဝါဝါမြင့် (မြစ်သား)