အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇန်နဝါရီ ၂ ရက်နေ့ မွန်းလွှဲ ၁ နာရီက (၇၈)နှစ် လွတ်လပ်ရေး‌နေ့အကြို အထိမ်းအမှတ် အသိပညာ‌ပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြသခြင်း‌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 04,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်သည်။
Jan 04,2026
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် Women Club အဖွဲ့ မှ စာရေးဆရာ တက္ကသိုလ်နေဝင်း၏ “ဗိုလ်ချုပ်အောင်ဆန်းနှင့်လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီတွင် ကျင်းပသည်။
Jan 04,2026
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို သားကောင်းမိခင်နှင့်ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှကြီးမှူး၍ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီက ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ မိခင်နှင့်ကလေးငယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
Jan 04,2026
ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အလွတ်တန်း အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အလွတ်တန်းအမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ချင်းပြည်နယ် လွှတ်တာ်ရုံး၊ မန်းထာရိပ်သာရှေ့၌ ဒီဇင်ဘာ ၃၁ ရပ်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့ ထိ ကျင်းပပြုလုပ်သည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အလွတ်တန်း အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အလွတ်တန်းအမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ချင်းပြည်နယ် လွှတ်တာ်ရုံး၊ မန်းထာရိပ်သာရှေ့၌ ဒီဇင်ဘာ ၃၁ ရပ်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့ ထိ ကျင်းပပြုလုပ်သည်။