ဟားခါး ဇန်နဝါရီ ၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် အလွတ်တန်း အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် အလွတ်တန်းအမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲကို ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ ချင်းပြည်နယ် လွှတ်တာ်ရုံး၊ မန်းထာရိပ်သာရှေ့၌ ဒီဇင်ဘာ ၃၁ ရပ်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့ ထိ ကျင်းပပြုလုပ်သည်။
အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၂ ရက်နေ့အထိလည်းကောင်း၊ အလွတ်တန်းအမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲကို ဇန်နဝါရီလ ၂ ရက်နေ့တွင်လည်းကောင်းကျင်းပခဲ့ပြီး အလွတ်တန်းအမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း(၁၅)သင်း၊ အလွတ်တန်း အမျိုးသားစားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် (၄၂) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းနှင့်ဆုရရှိသူများကို ဇန်နဝါရီလ ၄ ရက်နေ့ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)