ရေတာရှည်မြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို မီနီမာရသွန်ပြိုင်ပွဲ ကျင်းပ

ရေတာရှည် ဇန်နဝါရီ ၄

ပဲခူးတိုင်း‌ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ကြီးကြပ်မှုဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလ  ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မီနီမာရသွန်အပြေးပြိုင်ပွဲကို ရေတာရှည်မြို့နယ်၊ မင်္ဂလာကန်ပတ်လမ်းနေရာ၌ စုရပ်ပြုလုပ်၍ စတင်တာလွှတ်ခဲ့ပြီး မင်္ဂလာကန်အား ငါးပတ်အထိပတ်ပြီး ပန်းဝင်နေရာအဖြစ်သတ်မှတ်ကာ ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲတွင် ရေတာရှည်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများရှိ ကျောင်းသား၊ကျောင်းသူများအပြင် အားကစားကိုစိတ်ဝင်စားကြသည့် လူငယ်၊လူရွယ် (၂၅၀)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ထို့နောက် အလွတ်တန်းမီနီမာရသွန်ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ရာ မီနီမာရသွန်ပြိုင်ပွဲ အမျိုးသားပထမဆုရရှိသူနှင့် အမျိုးသမီးပထမဆုရရှိသူတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းသူက ဆုများချီးမြှင့်​ပေးခဲ့ပြီး ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)