Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်းဘူးပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအတွင်းရှိ အထွေထွေရောဂါဝေဒနာခံစားနေရသော…
Jan 08,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအတွင်းရှိ အထွေထွေရောဂါဝေဒနာလူနာများအား ရောဂါဝေဒနာခံစားရမှု သက်သာပျောက်ကင်းစေရန်အတွက် မင်းဘူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ယနေ့ နံနက်ပိုင်းအချိန်က ချောင်းကောက်ကျေးရွာတိုက်နယ်ဆေးရုံ၌ အခမဲ့ နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာတက္ကသိုလ်၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လူသားတစ်ဦး၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ နိင်ငံသားအခွင့်အရေးစံချိန်များ ခံစားခွင်ရရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာမှုများ အကာအကွယ်ပေးရန်၊ စားသုံးသူမကျေနပ်မှုများ ဖြေရှင်းပေးရန်၊ စားသုံးသူ အသိပညာပေးခြင်များ ဆောင်ရွက်ပေးရန်တို့ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ကန်ပြား) တွင် တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 08,2025
မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍ တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီလ ၇ ရက်နေ့က မကွေးမြို့နယ်၊ ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Naypyitaw State Polytechnic University တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပ
Jan 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် Naypyitaw State Polytechnic University တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ စုဝေးခန်းမ၌ ကျင်းပရာ Naypyitaw State Polytechnic University ၏ ပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူးများ)၊ ဆရာ ဆရာမများ၊ မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ အီလက်ထရွန်းနစ်အင်ဂျင်နီယာ၊ စိုက်ပျိုးရေး အင်ဂျင်နီယာ၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ၊ ဗိသုကာ၊ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာသင်တန်း ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၊ အမှတ် (၄)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 08,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆောင်းသီးနှံအောင်မြင်ဖြစ်ထွန်းနေမှုများ၊ နေကြာမျိုးစေ့ထုတ်တောင်သူများနှင့် တွေ့ဆုံကွင်းဆင်း
Jan 08,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းသည် ရုံးချုပ်ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦး၊ နေပြည်တော် ဒု-တိုင်းဦးစီးမှူးတို့ လိုက်ပါလျက် ဇန်နဝါရီလ ၇ ရက်နေ့ နေ့လည်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သော လယ်ယာမြေများအပေါ် ပြန်လည်စိုက်ပျိုးထားရှိသော ဆောင်းသီးနှံများအား အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ စိုက်ပျိုးထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်(၁၁၂) အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ
Jan 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက် အမှတ်(၁၁၂) အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက်(၈)နာရီက ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂန့်ဂေါမြို့၊ မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှ…
Jan 08,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့မရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်း (၄)ကျောင်းမှ သံဃာတော်အရှင်သူမြတ်များနှင့် အသက်(၈၅)နှစ်အထက် အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီမှစတင်၍ ကွင်းဆင်းကုသ ဆောင်ရွက်ပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1843
Page
1844
Page
1845
Page
1846
Current page
1847
Page
1848
Page
1849
Page
1850
Page
1851
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department