အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်းတွင် ကျောင်းသား၊ ကျောင်းသူများအား ပျော်ရွှင်စေရန်နှင့် ဗဟုသုတရရှိစေရန်၊ စာဖတ်သည့် အလေ့အထများဖြစ်စေရန်၊ ဉာဏ်ပညာတိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်းအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ဆောင်ရွက်ပေးသည်။
Jan 09,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ပွင့်လင်းရာသီရောက် ရှိလာပြီဖြစ်၍ ပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်အသိ၊ သတိရှိစေရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီး၊ ဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်အတွင်း၌ ယမန်နေ့ ည‌နေပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်ဆော်ဩခဲ့သည်။
Jan 09,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 09,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို  ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(အောင်ဆန်း)တွင် ကျင်းပပြုလုပ်ခဲ့သည်။                                           
Jan 09,2025
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျားကုန်းကျေးရွာအုပ်စုနှင့် ကျုံးကျေးရွာအုပ်စုရှိ ကျေးရွာများတွင် ငရုပ်သီးခြောက် (ဒေသအခေါ်စပ်သီးခြောက်) လုပ်ငန်းကို လုပ်ကိုင်သည့် တောင်သူများမှ ဈေးကောင်းရရှိပြီး မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကာ အကျိုးအမြတ်ရရှိနေကြကြောင်း သိရသည်။
Jan 09,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်ရှိ ကျေးလက်နေပြည်သူအများစုသည် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲလုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ ဝင်ငွေရရှိရန်အတွက် ကြက်မွေးမြူရေးလုပ်ငန်းများတွင် အသုံးပြုရသော ဝါးအုပ်ဆောင်းများ တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဝါးအုပ်ဆောင်းရက်လုပ်သူထံမှ သိရသည်။
Jan 09,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် တွင်မြို့နယ်ပညာရေးမှူးရုံး အဆောက်အဦသစ် (၁၀၀×၃၀) RCC (၂) ထပ်ဆောင် အသစ်ဆောက်လုပ်လျက်ရှိရာ ယနေ့အချိန်အထိ တည်ဆောက်ရေးလုပ်ငန်းများ ၃ဝ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
Jan 09,2025
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေး၌ မီးဘေးအန္တရာယ်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။