အမြို့မြို့အနယ်နယ်သတင်းများ

Dec 31,2025
မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် မဟာမုနိဘုရားကြီးနှင့် ဘုရား ကြီးပရဝဏ်အတွင်းရှိသာသနိက အဆောက်အအုံများ ထိခိုက်ပြိုကျပျက်စီး ဆုံးရှုံးခဲ့မှုဖြစ်ပေါ်ခဲ့၍ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်ခြင်း များဆောင်ရွက်လျက်ရှိပြီး မဟာမုနိဘုရားကြီး ရွှေထီးတော်အသစ် တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့  ရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။
Dec 31,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံမြို့ အမှတ် (၁၁) ရပ်ကွက် မာလာမြိုင်လမ်းအား မြို့ပြဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန်ရည်ရွယ်၍ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့တွင် ဆောင်ရွက်ကြကြောင်း သိရသည်။
Dec 31,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။
Dec 31,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုသတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက်ပိုင်းက အမှတ် (၃၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂၄) အခြေခံ ပညာမူလတန်းလွန်ကျောင်းတို့တွင် ဖြန့်ဝေခဲ့သည်။
Dec 31,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံစေရေး မြေပဲ၊  နှမ်း၊ နေကြာ သီနှံများစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံမျိုးစုံ ၂၄၄၉ ဧက စိုက်ပျိုးပြီးကြောင်းနှင့် ဆီထွက်သီးနှံများ လျာထားချက်ပြည့်မီရေး စိုက်ပျိုးမှုညှိနှိုင်းရေးအဖွဲ့မှတောင်သူများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Dec 31,2025
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် ပြပွဲ/ပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုလောမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာနတွင် ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။
Dec 31,2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ မြစ်ကြီးနား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ပြိုင်ပွဲဝင်ဘင်ခရာအဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြရာ ဖွင့်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့ တက်ရောက်ကြကြောင်း သိရသည်။
Dec 31,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ တာဝန်ခံထုတ်ဝေသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ဒီဇင်ဘာ ၃၀ ရက်နေ့မွန်းလွဲ ၂ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖြန့်ဝေပေးခဲ့သည်။