အမြို့မြို့အနယ်နယ်သတင်းများ

Jan 09,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်အထိ မတ်ပဲ ၄၂၀၇၈ ဧက စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနတို့မှ သိရသည်။
Jan 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာ ရရှိစေရန်နှင့် စာပေကို လက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ အ.ထ.က(၄)၊ အ.ထ.က(၅)နှင့် အ.ထ.က(၆)ကျောင်းများသို့ သွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Jan 09,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ လူငယ်များသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်သည့် အားလျော်စွာ လူငယ်ဘဝကို အကျိုးရှိစွာဖြတ်သန်းရန်၊ အသိပညာဗဟုသုတ ပြည့်ဝစေရန်၊ ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အောင်ထက်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၀)နာရီက အင်းစိန်မြို့နယ်၊ အောင်ထက်ကိုယ်ပိုင်အထက်တန်းတန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 09,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်‌မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉ လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၂(A) လမ်းကြား၊ ကန်သာယာရပ်ကွက်၊ အကွက်အမှတ်(ဖ-၈)၊ အိမ်အမှတ်(၁၇)၊ “ကျော်” ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်တွင် ယမန်နေ့ ညနေ ၅ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။
Jan 08,2025
ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်းကျောင်း (ကျားပင်း/မင်းလှ)နှင့် (ကျားပင်း)ကျောင်းတို့တွင် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ပန်းတစ်ပွင့်တောင်ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် တိုက်ကြီးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပကြောင်းသိရသည်။
Jan 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် တောင်သူများအား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jan 08,2025
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။