အမြို့မြို့အနယ်နယ်သတင်းများ

Jan 04,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက် ၄ နာရီ ၂၀ မိနစ်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့မြက်ခင်းပြင်၌ကျင်းပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့ လွင့်တင်ခဲ့ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ခေတ္တပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအလေးပြုကြသည်။
Jan 04,2026
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကယားပြည်နယ်၊ ဘောလခဲမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ သထုံမြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ ပေါင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရေးမြို့နယ်၊ မော်လမြိုင်မြို့နယ် စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းမြို့နယ်၊ ရွှေကူမြို့နယ်၊ မချမ်းဘောမြို့နယ်၊ မိုးကောင်းမြို့နယ်၊ တနိုင်းမြို့နယ်၊ ပူတာအိုမြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jan 04,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ အခြေခံပညာအလယ်တန်းကျောင်း(မွေတော်)၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မြို့မနှင့် အခြေခံပညာမူလတန်းလွန်ကျောင်း(နားစန်း)ကျောင်းများ၏ ၂၀၂၅-၂၀၂၆ ခုနှစ်ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန် နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ မင်းလှမြို့နယ်၊ လက်ပံတန်းမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ တောင်ငူမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ ဖြူးမြို့နယ်၊ ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်၊ ရွှေတောင်မြို့နယ်၊ ဝေါမြို့နယ်၊ နတ်တလင်းမြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
Jan 04,2026
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်အတွင်းရှိ မိုင်းယောင်းမြို့နယ်၊ လားရှိုးမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ မိုင်းယုမြို့နယ်၊ ရပ်စောက်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကလောမြို့နယ်၊ လဲချားမြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။