Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
စဉ့်ကိုင်မြို့နယ်အတွင်း၌ (ဒုတိယအကြိမ်မြောက်) ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကာကွယ် ဆေးများ တိုက်ကျွေး
May 15,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် မေလ ၁၅ ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်ကလေး ကျန်းမာရေး ဌာန၌ စဉ့်ကိုင်မြို့ပေါ် (၅) ရပ်ကွက်အတွင်းရှိ အသက် (၂) နှစ်မှ (၆) နှစ်ထိ ကလေးငယ်များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (Ora Vacs) ကြိုတင်ကာကွယ်နိုင်ရေး (ဒုတိယအကြိမ်မြောက်) ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၌ "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်း ဆောင်ရွက်
May 15,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် "ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က လှိုင်းဘွဲမြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၃) အခြေခံပညာမူလတန်းလွန်ကျောင်းတို့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီ၌ လူငယ်ကင်းထောက်မောင်မယ်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ
May 15,2025
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဥ်ဖြင့် ပဲခူးတိုင်း(အရှေ့+အနောက်)မှ ကျောင်းသား၊ ကျောင်းသူ (၁၂၀) ဦးပါဝင်သည့် လူငယ်ကင်းထောက်လေ့လာရေးအဖွဲ့သည် အုပ်ချုပ်ကြီးကြပ်သူ ဆရာ၊ ဆရာမ လိုက်ပါ၍ ယနေ့ နံနက် ၁၀နာရီခွဲက သာယာဝတီမြို့နယ် ဆရာစံခန်းမ၌ ပဲခူးအရှေ့ပိုင်း+အနောက်ပိုင်းမှ လူငယ်များ တွေ့ဆုံခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများက လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အမှတ်စဥ် (၁၃)ပြည်သူစစ်မှုထမ်းမည့်သူများအား UID ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး
May 15,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ဦးစီးမှူးရုံးသည် အမရပူရမြို့နယ်မှ အမှတ်စဥ် (၁၃) ပြည်သူ့စစ်မှုထမ်းသင်တန်း တက်ရောက်မည့် သင်တန်းသားများအား စုရပ်ဖြစ်သော မန္တလေးတောင်ခြေ အမှတ်(၉၅) ခြေမြန်တပ်ရင်း၌ ယမန်နေ့ နံနက် ၁၀ နာရီက နံပါတ်ဆယ်လုံးပါ UID ကတ်များကို ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းကို ပူးပေါင်းဆောင်ရွက်
May 15,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် ရေတွင်းရေကန်များအား အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များက ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့နယ်၊ ရွှေပန်းတောအုပ်စုတွင် နွေစပါး (ပခမ်းရွှေဝါ) စံကွက်ရိတ်သိမ်းပွဲကျင်းပ
May 15,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွှေပန်းတောအုပ်စု တောင်သူ ဦးသန်းဦး လယ်မြေတွင် ယနေ့နံနက် ၇ နာရီက နွေစပါး(ပခမ်းရွှေဝါ)စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ရာ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်၌ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်
May 15,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း အစီအစဉ်ဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့က လှည်းကူးမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စုရှိ တပ်ဦးမင်းကုန်းဘုန်းတော်ကြီးကျောင်းတိုက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့နယ် သစ်တောဦးစီးဌာနက မိုးရာသီလူထုဖြန့်ဝေပေးရန်နှင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း(၂၀၀၀၀)ပင် ပျိုးထောင်ထားရှိ
May 15,2025
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေရန် ရာသီဥတုမျှတကောင်းမွန်စေရန်နှင့် ဒေသစိမ်းလန်းစိုပြည်ရေးကို အထောက်အကူပြုစေရန်တို့အတွက် မိုးရာသီပြည်သူလူထုထံသို့ အခမဲ့ဖြန့်ဝေပေးနိုင်ရန် မုံရွာမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး၊ မြို့မပျိုးဥယျာဥ်တွင် ပျိုးပင်ပေါင်း (၂၀၀၀၀)ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1767
Page
1768
Page
1769
Page
1770
Current page
1771
Page
1772
Page
1773
Page
1774
Page
1775
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department