ပန်း​တောင်းမြို့နယ်အတွင်းရှိ​ ဘောလုံးဝါသနာရှင် လူငယ်လူရွယ်များ အသက် (၁၉)နှစ်အောက် ဘောလုံးလူငယ် ရွေးချယ်ပွဲကျင်းပ

ပန်းတောင်း မေ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အတွင်းရှိ​ဘောလုံးဝါသနာရှင် လူငယ်လူရွယ်များ အသက် (၁၉)နှစ်အောက် ဘောလုံးလူငယ်ရွေးချယ်ပွဲကို မေ ၇ ရက်နေ့တွင် မြို့နယ်အားကစား ဘောလုံးကွင်း၌ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ဘောလုံးဝါသနာပါသူ လူငယ်များ အချိန်မီ လာ​ရောက်အ​ရွေးချယ်ခံနိုင်​ရေး ကြိုတင်ပြင်ဆင်ထားရန်နှင့် မှတ်ပုံတင်ယူ​ဆောင်လာကြရန်၊ မြို့နယ်အသင်း အနေဖြင့်​ ရွေးချယ်ခံရပါက ကစားသမားဝတ်စုံ၊ ဘောလုံးကန်ဖိနပ်၊ ခြေအိတ်၊ ချင်းကပ်များ ပံ့ပိုး​ထောက်ပံ့​ပေးမည်ဖြစ်ပြီး အုပ်စုပွဲတက်လျှင်​ နောက်ထပ် ဝတ်စုံတစ်စုံ၊ ဖိုင်နယ်တက်လျှင် ထွက်စုဝတ်စုံများ​ ထောက်ပံ့​ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

သင်းသင်းအေး