ပန်းတောင်းမြို့နယ်တွင် (ရန်ကုန်) အားကစားနှင့်ကာယပညာ သိပ္ပံကျောင်း တက်ရောက်ရန် ထောက်ပံ့ငွေများ ပေးအပ်

ပန်းတောင်း မေ ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် (ရန်ကုန်) အားကစားနှင့် ကာယပညာ သိပ္ပံ​ကျောင်း တက်​ရောက်ရန်​ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့မှ ထောက်ပံ့ငွေများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အားကစားမှူးထံ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် နောက်ဆုံးအဆင့် ကြိုးစား​ဆောင်ရွက်ကြမည့် က​လေးများ (၇)ဦးအား မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ​ ထောက်ပံ့​ငွေကျပ် တစ်သိန်းငါး​ထောင်တိတိနှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး​ကျော်ညီမှ​ ထောက်ပံ့​ငွေကျပ် တစ်သိန်း​တိတိ ထောက်ပံ့​ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ရန်ကုန်သိပ္ပံသို့ သွား​ရောက်မည့်​နေ့ရက်တွင် ကလေးများ၏ လက်ထဲအချိုးကျ​ ပေးအပ်မည့် မှတ်တမ်းများကို အားကစားမှူး ဒေါ်စောမာလာမှ ပြန်လည်တင်ပြသွားမည်ဖြစ်​ကြောင်း ​သိရသည်။

သင်းသင်းအေး