ချောင်းဆုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

ချောင်းဆုံ ဒီဇင်ဘာ ၂၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၅  ခုနှစ် ဒီဇင်ဘာ (၂၈)ရက်တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအတွင်း မဲဆန္ဒရှင်ပေါင်း (၅၁၆၁၈)ဦးတို့မှ မဲရုံပေါင်း (၇၃)ရုံ၌ ယနေ့နံနက်(၆)နာရီမှစ၍ မဲရုံအသီးသီးတွင် အေးချမ်းစွာ ဆန္ဒမဲပေးခဲ့ကြသည်။ 

ထို့နောက် ညနေ(၄)နာရီတွင် မဲရုံများ ပိတ်သိမ်း၍ ပါတီကိုယ်စားလှယ်များ၊ ရပ်ကျေးကော်မရှင်များအရှေ့တွင် မဲပေးစက်များမှ မဲရလဒ်များ ကြေညာခြင်း၊ ကြိုတင်မဲရလဒ်များကြေညာခြင်းလုပ်ငန်းများကို မဲရုံအားလုံး အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ကိုကျော်(ပြန်/ဆက်)