အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2025
ကျောက်တန်းမြို့၊  သီလဝါပြည်တွင်းစက်မှုဇုန်၊ ‌မြေကွက်အမှတ် (၆) ရှိ Diamond Rental Myanmar ယန္တရားငှားရမ်းခြင်းလုပ်ငန်း မီးဘေးလုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကျောက်တန်းမြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦးစီးမှူး ဦးကျော်သူရမျိုးမှ သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြခဲ့သည်၊၊
Dec 30,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Dec 30,2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)တွင်ပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် ဗိုလ်တထောင်မြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်က လွှတ်တော်မဲဆန္ဒနယ်အသီးသီးအတွက် ပါတီပေါင်း ၉ ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅ ဦးနှင့် တစ်သီးပုဂ္ဂလတစ်ဦး၊ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်လှယ်လောင်း ၂၆ ဦး ဝင်ရောက်ယှဥ်ပြိုင်အရွေးခံခဲ့ကြောင်း သိရသည်။
Dec 30,2025
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို တက္ကသိုလ်အဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာ၊ ပိုစတာနှင့်ဆောင်းပါး၊ စသည့် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့က ကျင်းပပြုလုပ်သည်။
Dec 30,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အား စနစ်ကောင်းမွန်ရေးနှင့် ဓာတ်အားပြည့်ဝစွာ ရရှိရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြီးကြပ်၍ ဓာတ်အားလိုင်းများ ပြုပြင်ထိန်းသိမ်း၊ တိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ငန်းများကို ယမန်နေ့က မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 30,2025
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၁၇) ကတိသစ္စာခံယူပွဲနှင့်သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့်တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
Dec 30,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို)အထိမ်းအမှတ် ဟောပြောပွဲ၊ဥာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့်နံရံက်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
Dec 30,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် အခြေခံပညာ(ထက်၊လယ်၊မူ)အဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက မင်းဘူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အဆိုပါပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးသည်။