Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့ ခါကာဘိုရာဇီအမျိုးသားဘေးမဲ့ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး၌ ပန်နန်းဒင်ကင်းစခန်း တည်ဆောက်ပြီးစီးရေးနှင့် ဇီဝမျိုးစုံမျိ…
May 17,2025
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံး လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့်အတူ မေ ၁၅ ရက် နံနက် ၆ နာရီက အဆိုပါအုပ်ချုပ်ရေးမှူးရုံး ဇီဝမျိုးစုံမျိုးကွဲပညာပေးပြခန်း၌ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့်စိုက်ပျိုးခြင်း အခမ်းအနားတက်ရောက်၊ စိုက်…
May 17,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် ၂၀၂၅-၂၀၂၆ ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးရန် မျိုးစေ့ပေးအပ်ပွဲနှင့် စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ကာ မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍများဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နေ မှုများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးသည် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီး ခဲ့သော ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနား…
May 17,2025
မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်အတွင်းထိခိုက် ပျက်စီးခဲ့သည့် ဟိုတယ်၊ တည်းခိုရိပ်သာ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၁၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ညောင်ရွှေမြို့နယ်ရှိ ဟူပင်ဟိုတယ်၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း၊ နွေစပါးစိုက်ခင်းများနှင့် မိုးသီးနှံစိုက်ပျိုးထားရှိမှုများ ကွင်းဆင်းကြည့်ရှု
May 17,2025
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ MSME အသင်းမှ တာဝန် ရှိသူများနှင့်အတူ မေ ၁၆ ရက်နံနက်ပိုင်းက ကျေးရွာချင်းဆက်လမ်း၊ နွေစပါးစိုက်ခင်းများနှင့်မိုး သီးနှံစိုက်ပျိုးထားရှိမှုများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သဒ္ဓမ္မပါလရွှေကျောင်းတိုက် ၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ သို့အလှူငွေများ လာရောက်လှူဒါန်း
May 17,2025
မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ ပြင်ဦးလွင်မြို့နယ် ၊ အင်းယားကျေးရွာအုပ်စု ၊ ကျီးကိုင်ကျေးရွာရှိ သဒ္ဓမ္မပါလရွှေကျောင်းတိုက် ၊ အောင်ဆန်းမိုးကုတ်ဝိပဿာနာ ဓမ္မရိပ်သာခွဲ၌ သီတင်းသုံးနေထိုင် ကြကုန်သော ရဟန်း/သာမနေ (၂၈) ပါး ၊ ခေတ္တသီတင်းသုံးလျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့၊ နန်းဦးမြို့သစ် သကျဓီတာ သီလရှင် စာသင်တိုက်မှ ဆရာကြီး / ဆရာလေး ( ၂၅၀ ) ပါး ၊ စုစုပေါင်း ( ၂၇၈ ) ပါးတို့အား လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ လာရောက်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီက အဆိုပါဓမ္မရိပ်သာခွဲ၌ ကျင်းပပြုလုပ်ခဲ့သည် ။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး စိန်ဝင်း မိုးသည်ထန်စွာရွာသွင်းမှုကြောင့် နေအိမ်နှင့်အုတ်တံတိုင်းများ ပြိုကျ…
May 17,2025
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ လိုက်ပါလျက် တောင်ကြီးမြို့၊ ညောင်ဖြူ စခန်းရပ်ကွက်၊ နယ်မြေ(၁၅)၊ ဂုဏ်ထူလမ်းနှင့်ဂုဏ်ထူးလမ်းသွယ်တို့တွင် မေ ၁၅ ရက်နေ့က မိုးသည်ထန်စွာ ရွာသွင်းမှုကြောင့် နေအိမ်၊ အုတ်တံတိုင်းများ ပြိုကျပျက်စီးနေမှုကို ယမန်နေ့နံနက် ၉ နာရီ က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လိုက်လံကြည့်ရှု
May 17,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ခန္တီး-ဆင်သေ-လဟယ်လမ်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် မိုင်တိုင် အမှတ် ၃၃-၃၄ ကြား မျက်ကွယ်ကုန်းဖြတ်ခြင်းလုပ်ငန်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်မည့်နေရာ၊ အမြင့်ပေ ၄၉၉၇ ပေရှိ ထိန်ညိုတောင်ရှုခင်းသာဗျူးပိုင့် ဆောင်ရွက်မည့် နေရာနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် လဟယ်မြို့အဝင် မိုင်တိုင်အမှတ် ၅၁-၅၂ ကြား လမ်းတာချဲ့ခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်ထူထောင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်
May 17,2025
နေပြည်တော်အတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများနှင်စပ်လျဉ်း၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အတူ နေပြည်တော် ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1737
Page
1738
Page
1739
Page
1740
Current page
1741
Page
1742
Page
1743
Page
1744
Page
1745
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department