အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2022
ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 12,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယုမြို့ရှိ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည့် ကျေးလက်နေပြည်သူများ လူမှုဘဝဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် ယမန်နေ့က မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာရှိ ဘုန်းကြီးကျောင်း၌ နယ်လှည့်အသိပညာပေးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Jun 12,2022
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံး ပါဝင်ဆောင်ရွက်ပေး " အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခဲ့သည်။
Jun 12,2022
မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ (၄၀)ရပ်ကွက်အတွင်း ယမန်နေ့နံနက်ပိုင်းက အဆိုပါရပ်ကွက်များရှိ နေအိမ်များတွင် ရေစည်၊ ရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jun 12,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ သား/သမီးများအား ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jun 11,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင် ကိုက်ခံရသည့် ခြင်ကျားကြောင့် ကူးစက်ခံရခြင်းဖြစ်ပြီး အဆိုပါခြင်များ မပေါက်ဖွားနိုင်ရေး လူတိုင်း ပူးပေါင်း ပါဝင်ဆောင်ရွက် သွားကြစေရန်အတွက် ရည်ရွယ်၍ ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ
Jun 11,2022
မွန်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်၊ အဝေးပြေးယာဉ် ရပ်နားစခန်း၌ အဝေးပြေးယာဉ်များ ပြေးဆွဲမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက  သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 11,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေ တက္ကသိုလ်အတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား လှည့်လည် ကြည့်ရှုအားပေးကြသည်။