အမြို့မြို့အနယ်နယ်သတင်းများ

Jun 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ အမှတ်(၅)ကျေးရွာအုပ်စု၊ အမှတ်(၉) ကျေးရွာတွင် ကျေးရွာပိုင် ကိုယ်ထူကိုယ်ထ အစည်းအဝေးခန်းမသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အမှတ်(၅)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ကိုနှင့် ကျေးရွာတာဝန်ခံများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်းသိရသည်။
Jun 12,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သား၊သမီးများ ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 12,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကွန်ပျူတာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့သည်။
Jun 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ စကားလှဘုန်းတော်ကြီးကျောင်း မြို့မဓမ္မဗိမာန်တော်ကြီးတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးရာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နိကာလ်စာမေးပွဲ(ဝိဒူတန်း)ကို မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ သံဃာတော်များနှင့်သီလရှင်များ နောက်ဆုံးနေ့ ဖြေဆိုပြီးစီးခဲ့ပြီဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
Jun 12,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ညောင်ပလင် ကျေးရွာအုပ်စု၊ ညောင်ပလင် ကျေးရွာ၌ ဇွန်လ ၈ ရက်ည ၁၁ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ပျက်စီးခဲ့ရာ လေဘေးသင့်အိမ်ထောင်စုများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 12,2022
စိုက်ပျိုး​ရေးသိပ္ပံ၊ ဟုမ္မလင်းမြို့၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ဟုမ္မလင်း စိုက်ပျိုးရေးသိပ္ပံရုံးခန်း ကျောင်းဆောင်သစ် အောက်ထပ်ဆောင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
Jun 12,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယနေ့ညနေ ၃ နာရီအချိန်က အခြေခံအင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။