Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပေါက်ခေါင်းမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီ ရွေးချယ်ခြင်းများဆောင်ရွက်
Jun 12,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆယ်ကြီးကွက်သစ်နှင့် ပိတောက်ကုန်းကျေးရွာများသို့ ယမန်နေ့က မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်ကာ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ဖွဲ့စည်းခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေး ဆက်လက်ထိုးနှံပေး
Jun 12,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရေးအတွက် အသက် ၁၅ နှစ်နှင့် ၁၈ နှစ်ကြားလူငယ်များ၊ အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများနှင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster) ထိုးနှံပေး ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူမှုမီဒီယာအကျိုးရှိစွာ အသုံးပြုရေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 12,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူမှုမီဒီယာအား အကျိုးရှိစွာအသုံးပြုနိုင်ရေး ယမန်နေ့ မွန်းလွဲပိုင်းက အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းသူများအား ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်ရှိ အဆိုပါသင်တန်းကျောင်းခန်းမတွင် အသိပညာပေး ဟောပြောခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားရှိ
Jun 12,2022
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်း စိုပြည်ရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနက ပျိုးပင်ပေါင်း ၁၃၀၀၀ ပျိုးထောင်ထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jun 12,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကလေးငယ်များတွင် မကြာခဏ သွေးလွန်တုပ်ကွေး ရောဂါတွေ့ရှိရသဖြင့် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၏ ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ စစ် လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်၊ ဟိုနားကျေးရွာ၌ မြစိမ်းရောင်(အသားကဏ္ဍ) ဖွံ့ဖြိုးတိုးတက်ရေး ကျပ်(၂၁၀)သိန်းပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် နိုင်ငံတော်မှထောက်ပံ့သည့် မြစိမ်းရောင်(အသားကဏ္ဍ) မွေးမြူရေးကျေးရွာ ထူထောင်ရန်အတွက် တတိယအကြိမ် ရန်ပုံငွေ ကျပ်(၂၁၀)သိန်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီခွဲက မိုင်းဖြတ်ကျေးရွာအုပ်စု (ဟိုနား)ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်မြို့နယ်တွင် မိုးကြိုးဘေးသင့် မိသားစုအား ထောက်ပံ့ငွေပေးအပ်
Jun 12,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မိုးကြိုးဘေးသင့်၍ သေဆုံးသော ဝမ်လုံးကျေးရွာအုပ်စု၊ မကာကျေးရွာနေ(ဘ) ဦးအိုက်ရှဲန်မွန်း၏သား အိုက်ယောရှဲန်အတွက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကိုယမန်နေ့ ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲတက်ရောက်
Jun 12,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ (အခြေခံ) သင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီက နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သီရိရတနာမူလတန်းကြိုကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
17374
Page
17375
Page
17376
Page
17377
Current page
17378
Page
17379
Page
17380
Page
17381
Page
17382
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department